ဂါဝန်လေးနဲ့ အရုပ်မလေးအလား အသည်းယားစရာကောင်းအောင် လှပလွန်းနေတဲ့ ဖူးပွင့်သခင်

112

မင်းသမီးချောလေး ဖူးပွင့်သခင်က အနုပညာလောကမှာ အောင်မြင်နေပြီး အကောင်းဆုံးလျှောက်လှမ်းလာတဲ့ သူပဲဖြစ်ပါတယ်။ သူမဟာ ဗီဒီယိုဇာတ်ကားများစွာကို ပါဝင်သရုပ်ဆောင်ထားပြီး တ မူထူးခြားတဲ့ အပြုအမူလေးတွေကြောင့် ပရိသတ်တွေ ချစ်အားပိုနေရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဖူးပွင့်သခင် ဟာ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်နဲ့သာလုပ်ကိုင်နေသလို Online ကနေ ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်နေတာလည်း တွေ့ရပါတယ်။

ဖူးပွင့်သခင် က ခန္ဓာကိုယ်အချိုးစားပြေပြစ်ပြီး ဆွဲဆောင်မှုရှိတဲ့ ပင်ကိုယ်အလှတရားတွေကို ပိုင်ဆိုင်ထားတာကြောင့် ချစ်စရာကောင်းသူလေးပဲ ဖြစ်ပါတယ်။ လတ်တလောမှာလည်း ချစ်စရာ ပုံေ လးတွေအပြင် အသည်းယားစရာ tik tok လေးတွေဆော့ကစားပြီး ပြန်လည်ဖော်ပြပေးတာ တွေ့ရပါတယ်။ ယခုမှာလည်း ဖူးပွင့်သခင် က ပရိသတ်တွေ ချစ်အားပိုအောင် အလန်းစ ပုံေ လးတွေကို တင်ပေးလာခဲ့ပါတယ်။

ဒီပုံလေးေ တွထဲမှာတော့ ဖူးပွင့်သခင် ဟာ ဆံပင်နှစ်ဖက်စည်းပြီး ဂါဝန်လေးနဲ့ အသည်းယားစရာကောင်းလောက်အောင် ဓာတ်ဖမ်းထားတာဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း ဖူးပွင့်သခင်က “တစ်နေ့တော့လက်ထပ်ပြီရင် အလိုလိုက်မှာလားပြော….ဒါဆိုကလေးလေးလို့ဂရုစိုက်မှာလားပြော…..” ဆိုပြီး ရေးသားဖော်ပြထားပါသေးတယ်။ ကဲ…ပရိသတ်ကြီးရေ ဆွဲဆောင်မှုရှိရှိ လှရက်လွန်းနေတဲ့ မင်းသမီးချောလေး ဖူးပွင့်သခင် ရဲ့ ချစ်စရာပုံလေးတွေကို ပြန်လည်ဖော်ပြလိုက်ပါတယ်။