ဇနီးသည် ထားမသွားစေဖို့ အခြားယောက်ျားများနှင့် ဖောက်ပြန်ခွင့်ပေးထားတဲ့ခင်ပွန်း

198

ကမ္ဘာပေါ်မှာ ဒီလို ရှားရှားပါးပါးအဖြစ်အပျက်တွေလည်း ရှိပါတယ်။ အခုကိစ္စကတော့ တော်ရုံလူ လက်ခံဖို့ ခက်ခဲတဲ့ ကိစ္စပါဘဲ။ Adam Gilletလို့ အမည်ရတဲ့ အသက် (27)နှစ်အရွယ် အမျိုးသားဟာ အသက် 22 နှစ်အရွယ် ဖနီးသည် Beatrice Gibbs ကို သူ့ကို ထားသွားမှာစိုးလို့ အခြားယောက်ျားနဲ့ ဖောက်ပြန်လိုက တရားဝင်ဖောက်ပြန်နိုင်ကြောင်း သဘောတူထားတယ်လို့ ဆိုပါတယ်။

သူတို့နှစ်ယောက်ဟာ အိမ်ထောင်သက်တမ်း တစ်နှစ်ကျော် ရှိပြီး၊ ဇနီးသည်ကလည်း ယောက်ျားရဲ့ ခွင့်ပြုချက်နဲ့အတူ တစ်ခါတလေ အပြင်မှာ အိပ်စက်သလို၊ တစ်ခါတလေ တစ်ပတ်လောက်နေမှ အိမ်ကို ပြန်လာတဲ့အခါမျိုးလည်း ရှိပါတယ်။ Gibbs ဟာ မိမိသဘောကျသူ၊ မိမိဆန္ဒရှိချိန်တွေမှာ နှစ်သက်တဲ့ အမျိုးသားနဲ့ သွားရောက်အိပ်စက်နိုင်ကြောင်း ခင်ပွန်း Adam က အထူးအခွင့်ရေး ပေးပြီးသားပါ။ဒီဖြစ်ရပ်ရဲ့ အခြေခံကတော့ သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်သက်တမ်း 1 လောက်အတွင်းမှာ Gibbs ဟာ Adam ကို ကွာရှင်းပြတ်ဆဲဖို့ တောင်းဆိုခဲ့ရာက စတင်ခဲ့ပါတယ်။ အဲဒီနောက် နှစ်ဦးနှစ်ဘက်ညှိနိုင်းခဲ့ကြပြီး၊ ယခုသဘောတူညီချက်ကို ရခဲ့တာ ဖြစ်ပါတယ်။Gibbs က သူမရဲ့ ဆန္ဒကို အခုလို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ဝန်ခံပါတယ်။

” ကျွန်မ Adam ကို ချစ်ပါတယ် … ဒါပေမယ့် ယောက်ျားတစ်ယောက်တည်းနဲ့တော့ အချိန်အကြာကြီး မကုန်ဆုံးချင်ပါဘူး “လို့ ပြောခဲ့ပါတယ်။ဒါပေမယ့် သဘောတူညီချက်ထဲမှာ Gibbs ဟာ အခု သူမ ဘယ်သူနဲ့ အိပ်နေတယ်၊ ဘယ်အချိန်မှာ ဘယ်သူနဲ့ အိပ်မက်ဆိုတာကိုတော့ ကြိုပြောထားရပါတယ်တဲ့။Adam တို့စုံတွဲဟာ အရက်ဘားတစ်ခှုမှာ ပထမဆုံး စုံတွေ့ကာ စကားလက်ဆုံကြခဲ့ကြပါတယ်။

နောက်တစ်ခါ ဆုံတော့ အတူတူ အရက်တွေ အလွန်အကျွံသောက်ခဲ့ရာကနေ အတူနေချစ်သူ ဖြစ်သွားခဲ့ကြပါတယ်။ ဒါပေမယ့် နှစ်လလောက် တစ်ယောက်နဲ့တစ်ယောက်မမြင်တွေ့ရတော့ပါဘူး။၎င်းနောက် အတူနေချစ်သူဘဝကို ပြောင်းလဲခဲ့ကြပြီး၊ လက်ထပ်ခဲ့ကြခြင်း ဖြစ်ပါတယ်။ လက်ထပ်ပြီး တစ်လလောက်အကြာမှာ Gibbs က ကွာရှင်းလိုကြောင်း တောင်းဆိုခဲ့ရာကနေ အခုလို ထူးဆန်းတဲ့ သဘောတူညီချက်က ထွက်လာခဲ့တာ ဖြစ်ပါတယ်။