ဗစ်တာလီဘစ်ဒက်ရှ်ကို မှောက်အောင် ထိုးသွားမယ်လို့ အောင်လအန်ဆန်းကြုံးဝါး

0
8

ပရိသတ်ကြီးရေ လာမယ့် ဧပြီလ ၁၀ ရက်နေ့မှာ အောင်လအန်ဆန်းနဲ့ ဗစ်တာလီဘစ်ဒက်ရှ်တို့ရဲ့ ONE Championship ပွဲစဉ်ကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာ ပြုလုပ်သွားမှာပါ
အောင်လအန်ဆန်းဟာ ဝိတ်တန်း ၂ ခုရဲ့ ကမ္ဘာ့ချန်ပီယံဖြစ်ပြီးတော့ မြန်မာ့ဂုဏ်ဆောင် အားကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်ခုသူ့ရဲ့ သူ့ရဲ့မစ်ဒယ်ဝိတ်တန်းချန်ပီယံဘွဲ့ကို ဘစ်ဒက်ရှ်က စိန်ခေါ်တာကြောင့် ကာကွယ်ပွဲအဖြစ် ထိုးသတ်ရတော့မှာပါ


South China Morning Post ရဲ့ ဖော်ပြချက်အရ အောင်လအန်ဆန်းဟာ ပြိုင်ဘက်ကို ရင်ဆိုင်ဖို့ အသင့်ရှိနေပြီလို့ သိရပါတယ်…ဒါ့အပြင် ဘစ်ဒက်ရှ်ကို ထိအောင်ထိုးနိုင်ရင် သူမှောက်သွားမှာမို့လို့ ထိအောင်ထိုးဖို့ပဲလိုပါတယ်လို့ ဆိုသွားခဲ့ပါတယ်….အောင်လအန်ဆန်းနဲ့ ဘစ်ဒက်ရှ်တို့ဟာ တတိယအကြိမ်တွေ့ဆုံတာဖြစ်ပြီး အရင် ၂ ပွဲမှာ တစ်ယောက်တစ်ပွဲစီ အနိုင်ရထားတာပဲဖြစ်ပါတယ်..

LEAVE A REPLY

Please enter your comment!
Please enter your name here