ခြေလက်တုန်ယင်တဲ့ လက္ခဏာနဲ့ သမ္မတ ပူတင်လာမယ့်နှစ် အစောပိုင်းမှာရာထူးကအနားယူဖို့ သတင်းတွေထွက်ပေါ်

0
13

အသက် ၆၈ နှစ်အရွယ်ရှိလာပြီဖြစ်ကာ ကျန်းမာရေးအတွက် စိုးရိမ်ပူပန်မှုတွေကြောင့် ရုရှားသမ္မတ ဗလာဒီမီ ရာပူတင်က လာမယ့်နှစ်အစောပိုင်းအချိန်လောက်မှာ သမ္မတရာထူးကနေ အနားယူသွားဖို့ အစီအစဉ်ရှိနေ တယ်လို့ မော်စကိုသတင်းရင်းမြစ်တွေက ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်နေ့တုန်းက အခိုင်အမာ ရေးသားဖော်ပြ ခဲ့ကြပါတယ်။

ဗြိတိန်သတင်းစာ The sun ရဲ့ ရေးသားဖော်ပြချက်ထဲ အသက် ၆၈ နှစ်အရွယ်ရှိ သန်မြန်နေဆဲဖြစ်ဖြစ်တဲ့ ရုရှားခေါင်းဆောင်ဟာ ပါကင်ဆန်လို့ခေါ်တဲ့ ( ခြေလက်တုန်ယင်) တဲ့ လက္ခဏာနဲ့ လမ်းကောင်းကောင်းမလျှောက်နိုင်တော့တဲ့ ရောဂါ ရှိနိုင်ခြေရှိတယ်ဆိုတဲ့ ယူဆရဖွယ်ရှိတဲ့ ပုံရိပ် တွေကို မကြာသေးမီတုန်းက တွေ့ရှိခဲ့ရတယ်ဆိုတဲ့ အကြောင်း ကရင်မလင်အစိုးရ စောင့်ကြည့်သူတွေက ပြောကြားခဲ့ပါတယ်။ပါကင်ဆန် လက္ခဏာဟာ အာရုံကြောစနစ် ချို့ယွင်းလာမှုကနေ ခြေလက်တွေ ကတုန်ကယင် ဖြစ်ပေါ်လာတဲ့ လက္ခဏာနဲ့ လမ်းကောင်းကောင်း မလျှောက်နိုင်တော့တဲ့အထိ ဖြစ်နိုင်တဲ့ ရောဂါလက္ခဏာလည်း ဖြစ်တယ်လို့ သိရပါတယ်။

သမ္မတ ပူတင်ရဲ့ ချစ်ရတဲ့မိန်းကလေး အသက် ၃၇ နှစ်အရွယ် အလီနာ ကာဘယ်ကာ ကလည်း သမ္မတ ကျန်းမာရေးနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်လို့ နိုင်ငံ့ တာဝန်တွေကနေ အနားယူသွားဖို့ တောင်းဆိုခဲ့ဖူးတယ်လို့လည်း ကျွမ်းကျင်သုံး သပ်သူတွေက ပြောကြားထားပါတယ်။ သူမဟာ ချောမောလှပပြီး ယခင်တုန်းက ကိုယ်ကာယ အလှမယ်တစ်ဦးလည်းဖြစ်ကာ လိုက်လျောညီထွေမှုအရှိဆုံး အမျိုးသမီးလို့ နာမည်ပေးခြင်းခံရဖူးပါတယ်။စောင့်ကြည့်လေ့လာသူတွေက မကြာသေးမီတုန်းကမှ တွေ့ရှိခဲ့တဲ့ သမ္မတ ပူတင်ရဲ့ ခြေထောက်သွားလာ လှုပ်ရှားမှုမှာ သိသာတဲ့ လှုပ်ရှားမှုပုံစံမျိုးကို မြင်တွေ့ခဲ့ရပြီး သူ့အခြေအနေဟာ ထိုင်ခုံကနေ ထိုင်ထလုပ်တဲ့ အခါ နာကျင်မှုကို ခံစားနေရတဲ့ ပုံပေါက်တာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ နောက်ပြီး သူ့ရဲ့ လက်ချောင်းတွေဟာ လည်း ဘောပင်ကို ကိုင်တဲ့အခါ လေးကန် ဆွဲနေတာကို မြင်တွေ့ရကာ အကိုက်အခဲပျောက်ဆေးပါတဲ့ ကော့တေး အရက်ကို သမ္မတ ပူတင် သောက်သုံးခဲ့တာကို တွေ့ခဲ့ရပါတယ်။

သူ့ရဲ့ ရုရှားအစိုးရ နှစ်ပေါင်း ၂၀ အုပ်ချုပ်မှု သက်တမ်းဟာ လာမယ့် အစောပိုင်း ရက်သတ္တပတ်မှာ ကုန် ဆုံးမှာဖြစ်ကာ သူ့ကို အငြိမ်းစားပေးပြီးနောက် တစ်သက်တာ အစိုးရလွှတ်တော်အမတ် ဆီးနိတ်တာ နေရာမှာ ထားရှိဖို့ ဥပဒေမူကြမ်းလည်း ရေးဆွဲပြီးဖြစ်ကြောင်းသိရပါတယ်။ သူကိုယ်တိုင်ရေးဆွဲထားတဲ့ ဥပဒေပြဌာန်းမှု တွေမှာဆိုရင် သူသေဆုံးတဲ့အချိန်အထိတိုင်အောင် ပါလီမန်ကနေ သူကို အာမခံချက်အပြည့်အဝပေးထားတဲ့ တရားဝင်ဖြစ်တဲ့ အစိုးရ အုပ်ချုပ်မှု ရာထူးနေရာတစ်ခုကို ပေးထားမှာဖြစ်တယ်လို့လည်း သိရပါတယ်။မော်စကို နိုင်ငံရေးသိပ္ပံ ပရော်ဖက်ဆာ ကာ ဗာလရေး ဆိုလိုဗီ ဆိုသူကလည်း အဲ့ဒီ သတင်းထုတ်ပြန်ရေးသားတဲ့ ညမှာပဲ သမ္မတ ပူတင်ရဲ့ ကျန်းမာရေးအခြေအနေမှာ အဆိုပါ ခြေလက်တုန်ယင်တဲ့ လက္ခဏာ ပါကင်ဆန်ကို ခံစားနေရနိုင်တယ်ဆိုတာ အကြံပြုမှတ်ချက်ပေးပြောကြားခဲ့ကာ သတင်းထွက်ပေါ်ခြင်းကို ပိုပြီးတော့ တည်မြဲ စေပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here