COVID – 19 ကာကွယ်ဆေး ဈေးကွက်ကို တရုတ်တို့ ကြီးစိုးတော့မည်လား

0
13

၂၀၂၀ခုနှစ်ထဲ၌ ဝူဟန်မြို့ကနေ ကမ္ဘာ့နိုင်ငံများသို့ ကိုရိုနာဗိုင်းရပ်စ် စတင်ပြန့်ပွားကူးစက်မှု့ ရှိခဲ့ခြင်းဟာ တရုတ်အစိုးရရဲ့ သတင်းအချက်အလက် ထိန်ချိန်မှု့နှင့် ပွင့်လင်းမြင်သာမှုမရှိခဲ့ခြင်းအပြင် ကိုင်တွယ်ပုံညံ့ဖျင်းမှု့တို့ ကြောင့်ဟုကမ္ဘာ့နိုင်ငံအများစုတို့က တရုတ်နိုင်ငံအပေါ် ဝေဖန်ပြစ်တင်မှု့တွေ များစွာလုပ်ခဲ့ကြပါသည်။

လက်ရှိ၌ လူပေါင်း၄၉.၇သန်းအထိ ၎င်းဗိုင်းရပ်စ် ကူးစက်ခံထားရပြီး၊လူပေါင်း၁.၂သန်းကျော်အထိ ၎င်းဗိုင်းရပ်စ်ကြောင့်သေဆုံးမှု့ ရှိခဲ့ပြီးလည်းဖြစ်ပါသည်။
၂၀၂၁ခုနှစ်ထဲမှာတော့ တရုတ်ဟာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထုတ်လုပ်နိုင်မှု့ နှင့်အတူ ကာကွယ်ဆေးဖြင့် သံတမန်ဆက်ဆံရေးကို ပြန်ခင်းဖို့ရန်နှင့် ပုံရိပ်ပြန်တင်မှု့မျိုးတွေလုပ်နိုင်ပါသည်။အမေရိကန်၊အဂ်လန်နင့်အနောက်နိုင်ငံတွေ အများစုတို့က ကိုရိုနာ ဗိုင်းရပ်စ်ကာကွယ်ဆေးစမ်းသပ်ထုတ်လုပ်မှု့အရှိန်ကို မြှင့်၍ လုပ်ဆောင်နေကြပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံတွေအများစုတို့အတွက်တော့ တရုတ်ကာကွယ်ဆေးနှင့်သာနှစ်ပါးသွားကြရဖို့ ရှိနိုင်ပါသည်။

လက်ရှိကာလ၌ ကမ္ဘာပေါ်မှာ ကာကွယ်ဆေးအမျိုးအစား ၁၁ခုတို့သည်က phase-3စမ်းသပ်မှု့ အဆင့်၌ ရောက်ရှိနေကြပြီလည်းဖြစ်သည်။အဲဒိအထဲ၌ တရုတ်ရဲ့ ကာကွယ်ဆေးက ၄မျိုးအထိ ပါဝင်နေပါသည်။၎င်းတို့အထဲမှ ၃မျိုးဟာ ဝူဟန်အခြေစိုက် Sinopharmထုတ် ဆေးများသာဖြစ်ကြပါသည်။ယူအေအီးမှာ ထိုကာကွယ်ဆေးတွေကို ကျန်းမာရေးဝန်ထမ်းတွေ၌ ထိုးနှံထားကြပြီးဖြစ်ပါသည်။Sinopharmကုမ္ပဏီရဲ့ကာကွယ်ဆေးဟာ ဒီလထဲ(သို့)နောက်လထဲ လောက်မှာ full approvalအဆင့်ရောက်ဖို့ရန် လမ်းကြောင်း၌ ရှိနေပြီလို့ တရုတ်ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနမှ အကြီးအကဲ ဖြစ်သူWu Guizhenက မှတ်ချက်ပြု ပြောကြားခဲ့ပါသည်။အနောက်နိုင်ငံများတို့ရဲ့AstraZenecaဆေး၊ Moderna နှင့် Pfizerကာကွယ်ဆေးတို့ဟာလည်း တရုတ်ကာကွယ်ဆေးနှင့်မရှေးမနှောင်း ဆိုသလို ထွက်လာနိုင်ပါသည်။သို့သော် တရုတ်ရဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးလောက်တော့ ဈေးမချိုနိုင်လောက်ပေ။Modernaကာကွယ်ဆေးဆိုရင် ခန့်မှန်းချေဈေးနှုန်း၆၄ဒေါ်လာနှင့် ၇၄ဒေါ်လာလောက်အထိရှိနိုင်သည့်အတွက် ဖွံ့ဖြိုးဆဲနိုင်ငံတွေအများစုတို့အတွက် ကြေးမြင့်နေသည်လို့ ဆိုရမည်လည်း ဖြစ်ပါသည်။ကမ္ဘာ့ဒုတိယအချမ်းသာဆုံး ပုဂ္ဂိုလ်ကြီး ဘီလ်ဂိတ်ကတော့ ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ဆေးကိုဆင်းရဲတဲ့နိုင်ငံတွေဆီ မရောက်နိုင်မှာကိုစိုးရိမ်နေရှာသည်။ထရမ့်လက်ထက်မှာ WHOရဲ့ (ကာကွယ်ဆေးအလုံးရေ ၂ဘီလီယံတို့အား ဖွံ့ဖြိုးဆဲနိုင်ငံများတို့အား စုပေါင်းထုတ်လုပ်ဖြန့်ချီဖို့ရန်) အစီအစဉ်ကို မပါဝင်ခဲ့ပေမယ့် ဂျိုးဘိုင်ဒန်လက်ထက်မှာ ပြန်ပါဝင်ဖို့ရန် ရှိနိုင်ပါသည်။သို့သော်WHOရဲ့ အစီအစဉ်ကလည်းဆင်းရဲတဲ့ နိုင်ငံတိုင်းမှ နိုင်ငံသားတိုင်းအတွက်တော့ အထောက်အပံ့မဖြစ်နိုင်လောက်ပေ။ထိုအနေအထား၌ တရုတ်ရဲ့ကာကွယ်ဆေးဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက်တော့ အသုံးများမှု့ ရှိနိုင်ပါသည်။

အာရှ၊အာဖရိက၊အရှေ့အလယ်ပိုင်းဒေသနှင့် လက်တင်အမေရိကတို့၌ နေထိုင်ကြတဲ့ကမ္ဘာ့လူဦးရေ ထက်ဝက်ကျော်လောက်ဟာ ကပ်ရောဂါကာလ ဝင်ငွေရရှိမှု့ နိမ့်ကျနေသည့် အနေအထားမျိုးမှာကာကွယ်ဆေးကို ဈေးကြီးတာမျိုး သိပ်ပြီးစိတ်မဝင်စားလောက်ကြပေ။၎င်းတို့ အများစုတို့ကတော့ တရုတ်ဆီမှ ဈေးချိုသော ကာကွယ်ဆေးက် ဝယ်သုံးကြဖို့ရန် ရှိနိုင်ပါသည်။လက်ရှိ၌ တရုတ်ရဲ့ phase -3အဆင့်ရောက်ကာကွယ်ဆေးတွေကို အာဂျင်းတီးနား၊ဘာရိန်း၊ဘဂ်လားဒေ့ရှ်၊ဘရာဇီး၊အီဂျစ်၊အင်ဒိုနီးရှား၊မော်ရိုကို၊ပါကစ္စတန်၊ပီရူး၊ရုရှား၊ဆော်ဒီအာရေးဗီးယား၊တူရကီနှင့် ယူအေအီး အပါအဝင် နိုင်ငံပေါင်း ၁၈နိုင်ငံတို့မှာ စမ်းသပ်မှု့တွေ လုပ်ထားဆဲလည်းဖြစ်ပါသည်။တရုတ် အစိုးရက လက်တင်အမေရိကနိုင်ငံများ၊ကာရစ်ဘီယံ နိုင်ငံများတို့နှင့်တချို့သော အာရှနိုင်ငံများတို့အား ကာကွယ်ဆေးကို အကြွေးထားရောင်းရန် ရှိနိုင်ဟုလည်း သိရပါသည်။အိမ်ဖြူတော်မှာ ထရမ့်မရှိတော့သည့်နောက်မှာ တရုတ်ဟာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို အနောက်နိုင်ငံများတို့ထက် လက်ဦးမှု့ ယူကာ ဖြန့်ချီသွားဖို့ရန် ရှိနိုင်ပါသည်။ကြွေးမြီထောင်ချောက်မိမှာကို ကြောက်ကြတဲ့ ကမ္ဘာ့နိုင်ငံများတို့အနေဖြင့်လည်း ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ဆေးကို အကြွေးဝယ်ခြင်းကနေ ကြွေးမြီထောင်ချောက် မိမှန်းမသိ မိနိုင်သည့် အနေအထားသို့လည်း ရောက်ရှိသွားနိုင်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here