ဆေးရုံတက်ပြီး ဆေးကုသမှု ခံယူနေရတဲ့ ဗေလုဝရဲ့ လက်ရှိကျန်းမာရေးအခြေအနေ

0
13

နိုင်ငံကျော် ရုပ်ရှင် နဲ့ ဗီဒီယို ဟာသသရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ ဗေလုဝကတော့ အနုပညာမှာ အင်မတန် လက်စောင်းထက်တဲ့ ဝါရင့်သမ္ဘာရင့်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဗေလုဝကတော့ ရုပ်ရှင်ဇာ တ်ကားေ တွမှာ ပါဝင်သရုပ်ဆောင်ခဲ့ရုံသာမက ဝတ္ထုနဲ့ ဇာတ်ညွှန်းတွေများစွာကိုလည်း ရေးသားခဲ့ပြီး ပရိသတ်တွေကို ဘဝအမောပြေပျောက်စေခဲ့သူ ဖြစ်ပါတယ်။ အကယ်ဒမီဆုကြီး တစ်ဆုကို လက်ဝယ် ပိုင်ဆိုင်ထားပြီဖြစ်တဲ့ ဗေလုဝကတော့ နောက်ပိုင်းမှာ သူ့ရဲ့ ကျန်းမာရေးအခြေအနေကြောင့် အရင်ကလောက် အနုပညာအလုပ်တွေကို မလုပ်ကိုင်နိုင်တော့တာပဲ ဖြစ်ပါတယ်။

ကျန်းမာရေးအခြေအနေကြောင့် အနုပညာ အလုပ်နဲ့ ထမင်းဆိုင်စီးပွားရေးတို့ကို လှည့် မကြည့်နိုင်တော့တဲ့ ဗေလုဝက လက်ရှိမှာလည်း ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။ ဗေလုဝရဲ့ ကျန်း မာေ ရးအခြေအနေနဲ့ ပက်သတ်ပြီး သရုပ်ဆောင်တစ်ယောက်ဖြစ်သူ အောင်သူက “ရုပ်ရှင်နှင်ဗီဒီယိုဟာသရုပ်ဆောင် ဗေလုဝ ကျန်းမာရေး အခြေအနေကြောင့် ပင်လုံဆေးရုံကြီး အခန်း (၁၃၁၈ ) တွင် ဆေး ဝါးကုသေ န ရြေ ကာင်း သတင်းရရှိပါသည်။ အမြန်ဆုံး ပြန်ကျန်းမာပါစေဟု ဆုတောင်း ပါသည်ဗျာ။” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ အသိပေးလာခဲ့ပါတယ်။

ဗေလုဝကတော့ ပြီးခဲ့တဲ့ နှစ်ပိုင်း ကလည်း ဦးနှောက်သွေးခဲ မှုကြောင့် ပင်လုံဆေးရုံမှာပဲ ဆေးကုသမှုခံယူခဲ့ပြီး ပြန်လည်သက်သာလာခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကချစ်တဲ့ ဦးဗေတစ်ယောက် ဒီတစ်ခါမှာလည်း အြ မ န်ဆုံးနေကောင်းသက်သာလာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။

LEAVE A REPLY

Please enter your comment!
Please enter your name here