“ပေါ့ဆစွာ နေထိုင်ခဲ့တာကြောင့် ကူးစပ်ခံရတဲ့ စပိန်နိုင်ငံသားရဲ့ အဖြစ်လေးကို ဘာသာပြန်ပြကာ မပေါ့ဆဖို့ သတိလေးပေးလာတဲ့ မေတိုးခိုင်”

0
4

ပရိသတ်ကြီးရေ လတ်တလော ကမ္ဘာအနှံ့အပြားမှာ ပျံ့နှံ့ဖြစ်ပွားနေတဲ့ ကိုရိုနာ ဗိုင်းရပ်စ်အန္တာရာယ်ကနေ ကာကွယ်မယ့်နည်းလမ်းတွေနဲ့အတူ လူစုလူဝေးနေရာတွေကနေ ရှောင်ကာ နေထိုင်ဖို့အတွက် သတိပေးထုတ်ပြန်တာတွေ ရှိနေပြီဖြစ်ပါတယ်..။ နည်းလမ်းများနဲ့ ကာကွယ်ရမယ့် နည်းလမ်းများကို အနုပညာရှင်တစ်ချို့နဲ့ ဆေးအသိပညာရှင်တစ်ချို့တို့က လူမှုကွန်ရက်စာမျက်နှာပေါ် မှတစ်ဆင့် ဖြန့်ဝေပေးခြင်းဖြင့် လုပ်ဆောင်ပေးနေကြတာပါ..။ ဒီနေ့ မတ်လ (၁၇)ရက်နေ့မှာတော့ သရုပ်ဆောင်မင်းသမီး မေတိုးခိုင်က လက်ရှိ စပိန်နိုင်ငံသားတစ်ဦးရဲ့ ဗိုင်းရပ်စ်ပျံ့နှံ့မှုနဲ့ မကူးစပ်ခံရသေးခင် ပေါ့ဆစွာ နေထိုင်ခဲ့တဲ့အကြောင်းလေးကို သူမလက်လှမ်းမှီသလောက် ဘာသာပြန်ကာ ပြန်လည်မျှဝေပေးလာခဲ့ပါတယ်။

မေတိုးလေးက “ဒီပုံထဲကစာလေးကိုဖတ်ပြီး ရင်ထဲကို လာထိလို့ပါ..။Highlight လုပ်ထားတာလေးက Spain က quarantine ခံထားရတဲ့လူတစ်ယောက်ရေးထားတာပါ.။ သူ့ရဲ့လေးရက်မြောက်နေ့ လေးမှာရေးထားတာ.. “ကျွန်မတို့ Spain မြို့မှာ လွန်ခဲ့တဲ့ တစ်ပါတ်လောက်ကဒီ virus အကြောင်းပြောနေတုန်းဒီအတိုင်း.. တစ်ချို့တွေကဖြစ်နေပြီ ။ ဒါပေမဲ့ အရမ်းမဆိုးသေးဘူးပေါ့. ။ Italy မြို့ကသူတွေ အလူးအလိမ့်ခံနေရတာကိုကြည့်ပြီး ငါတို့ဆီမှာ မဖြစ်ဘူးဆိုပြီး အေးအေးလူလူနေခဲ့ကြတယ်.။ ဘာအပြောင်းအလဲမှ မရှိပဲ အပြင်တွေ ထွက်မြဲထွက်ဆဲ, gym တွေသွားတယ်။ အလုပ်တွေသွားတယ်ပေါ့..။ ဒီရောဂါပျံ့ပွားနေတာထိန်းချုပ်ဖို့မစဉ်းစားမိကြဘူး. ။ နောက်တစ်ပါတ်လည်းကြာရော ကျွန်မတို့ spain မြို့ က emergency state ကိုရောက်ခဲ့ပါပြီ.။ Virus ကြီးဟာတစ်နိုင်ငံလုံးကိုဝင်ခဲ့ပြီ. ။ ကျွန်မမှာလည်းရှိနေပြီ။ ကျွန်မသူငယ်ချင်းမှာလည်းရှိနေပြီ. ။မိဘ ဆွေမျိုးတွေဆီလည်းပျံ့ကုန်ပါပြီတဲ့..” ဆိုပြီး ဘာသာပြန်တင်ပေးခဲ့တာပါ။

“ဒီစာလေးဖတ်ပြီး စိတ်ပူမိတယ်အရမ်း.. ကျွန်မတို့တစ်တွေဟာ လူသားတွေအနေနဲ့ တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုစောင့်ရှောက်ရမယ့်တာဝန်ရှိတယ်.။ ဒီမှာမဖြစ်သေးဘူး ။ ငါတို့က ကျန်းမာနေတယ် ဆိုပြီး ပေါ့ ပြီး လျှောက်သွားလျှောက်စား လုပ်နေလို့မရပါဘူး..။ ကိုယ်တစ်ယောက်ကပေါ့လိုက်တာ ဟာ တစ်ခြားသူရဲ့ အဘိုးအဘွား၊ တစ်ခြားသူရဲ့ မိဘ၊ တစ်စုံတစ်ယောက်ရဲ့ အချစ်ဆုံးသူငယ်ချင်း ၊ လုပ်ဖော်ကိုင်ဖက် ကို ဆုံးရှုံးနိုင်စေပါတယ်..။ သတိကြီးကြီးကပ်ပြီး မဖြစ်မနေ အလုပ်သွားနေရတဲ့သူတွေ အပြင်သွားနေရတဲ့သူတွေ လက်ကိုဆေးကြပါ.။ Mask ဆောင်ထားပါ. ၊ ရေသောက်ပါ.၊ကိုယ်ခံအားကောင်းအောင် အစားစားကြပါ. ၊ အပျော်အပါးလျှော့ပြီး အိမ်မှာနေကြပါ. ။ ကမ္ဘာမြေကြီး အမြန်ဆုံးကျန်းမာပါစေ။ လူသားအားလုံး ဘေးကင်းပြီး မြန်မြန်ဒီကပ်ဆိုးကြီးကို ကျော်လွှားနိုင်ပါစေ”ဆိုပြီး သတိပေးစကားလေးကိုလည်း ပြောလာခဲ့ပါသေးတယ်..။ ပရိသတ်ကြီးလည်း မဖြစ်ခင်က ကြိုတင်ကာကွယ်မှုလေးတွေက ပိုထိရောက်တဲ့ ကုသမှုမို့လို့ ကြိုတင်ကာကွယ်ခြင်းဖြင့် ချစ်တဲ့ ပတ်ဝန်းကျင်အတွက် ကောင်းကျိုးပြုနိုင်ကြပါစေနော်

LEAVE A REPLY

Please enter your comment!
Please enter your name here