တွေ့ပြီလား လမ်းမလျှောက်နိုင်တဲ့ သက်ကြီးရွယ်အို အဘွားကအစ တစ်မိသားစုလုံး ၁၄ရက် စောင့်ကြည့်ခံလိုက်ရပြီ

0
6

ရက်စက်လိုက်တာ case27ရေ…တွေ့ပြီလား ကိုယ့်မိသားစုကို ဒုက္ခမပေးကြပါနဲ့….Cases 27 ဖြစ်စဉ်မှ ကလေး၊လူကြီး၊လမ်းမလျှောက်နိုင်တဲ့ အဘွား၁ဦးပါ ပါဝင်နေတယ်ပြည်တော်ပြန်များသတိပြုဆင်ခြင်နိုင်ကြပါစေ…..ထိုင်းမှာရောဂါပိုးရှိလေို့ဆေးရုံတက်နေရတာကို အလစ် မြန်မာပြည်ကိုခိုးပြန်လာတယ်တဲ့လားအခုကြည့်စမ်းကိုယ်မိဘတွေရောဘာမှမသိနားမလည်တဲ့ ကိုယ့်မိသားစုဝင်ကလေးတွေ….သက်ကြီးရွယ်အိုအဘွားကအစ တစ်မိသားစုလုံး ၁၄ရက်စောင့်ကြည့်နဲ့ ဒုက္ခရောက်ကြရပြီကျန်တဲ့ပြည်တော်ပြန်အားလုံး ဒီအဖြစ်အပျက်ကိုကြည့်ပြီး သင်ခန်းစာယူကြပါဗျာ။
ကျိုက်မရောဆေးရုံမှ လူနာသည် ထိုင်း၌ရှိစဉ်ကတည်းက ကပ်ရောဂါပိုး ရှိနေပြီး ခိုးပြန်လာခြင်းဟုဆိုဒေါက်တာပြည့်ဖြိုးလှိုင် (ကျိုက်မရောဆေးရုံ) ရေးတဲ့စာ. .တကယ့်ကို ရင်နာကြေကွဲစရာ လိမ်ရက်ညာရက်လိုက်တာ. . .Case-27 ကျိုက်မရော ဆေးရုံက Positive လူနာက..အရင် ထိုင်းမှာ စစ်ကတည်းက Resultက Positive ထွက်ပြီးသား ခိုးပြီးပြန်လာတာတဲ့ ။ကျိုက်မရောဆေးရုံက သူ့အတွက်နဲ့ Quarantineတွေလုပ်၊ Swabတွေယူ၊တဆေးရုံလုံး အလုပ်တွေရှုပ်နဲ့ စောစောကတည်းက အမှန်ကို ပြောပြလိုက်ပေါ့။အခုတော့ အကုန်လုံး နေရတာ စိတ်ထဲ မသန့် မသန့်နဲ့ ကပ်ရောဂါဟာ Oropharyngeal Swabမှာ ၁၄ရက်ကြာ ရှိသလို Anal Swab မှာ ၂၈ရက်ထိ ကြာကြာ ရှိနေနိုင်ပါတယ်။

  

ဒါကြောင့် ကျွန်တော်ကတော့ Stay at Home Self Q လုပ်ပါတော့မယ်…။ပြည်တော်ပြန်များ ခင်ဗျား. .ကျန်းမာရေး ဝန်ကြီးဌာနကသတင်းတွေကို နားထောင်ပါ။ကျန်းမာရေး ဝန်ကြီးဌာနက ညွှန်ကြားချက်များအတိုင်း လိုက်နာပါ။ကျွန်တော့်အမေက ကျွန်တော့်ကို ပြောဖူးတယ် ဘာလဲ ဆိုတော့”မရှိတာထက်မသိတာ ပိုခက်တယ်”တဲ့. .ပြည်တော်ပြန်များ ခင်ဗျား. .”အသိခေါက်ခက်အဝင်နက်တယ် မလုပ်ကြပါနဲ့”ကျန်းမာရေး ဝန်ထမ်းများအားလုံးကိုကူညီပါ၊ရိုင်းပင်းပါ၊ဝိုင်းဝန်းကြပါ. .လက်ဆေးပါ. .Mask တပ်ပါ. .Stay at Home..မလိမ်ပါနဲ့၊မညာကြပါနဲ့ ခင်ဗျာ။ဒေါက်တာပြည့်ဖြိုးလှိုင် (ကျိုက်မရောဆေးရုံ)

LEAVE A REPLY

Please enter your comment!
Please enter your name here