၂၀၂၀ခုနှစ်ထဲ၌ ဝူဟန်မြို့ကနေ ကမ္ဘာ့နိုင်ငံများသို့ ကိုရိုနာဗိုင်းရပ်စ် စတင်ပြန့်ပွားကူးစက်မှု့ ရှိခဲ့ခြင်းဟာ တရုတ်အစိုးရရဲ့ သတင်းအချက်အလက် ထိန်ချိန်မှု့နှင့် ပွင့်လင်းမြင်သာမှုမရှိခဲ့ခြင်းအပြင် ကိုင်တွယ်ပုံညံ့ဖျင်းမှု့တို့ ကြောင့်ဟုကမ္ဘာ့နိုင်ငံအများစုတို့က တရုတ်နိုင်ငံအပေါ် ဝေဖန်ပြစ်တင်မှု့တွေ များစွာလုပ်ခဲ့ကြပါသည်။ လက်ရှိ၌ လူပေါင်း၄၉.၇သန်းအထိ ၎င်းဗိုင်းရပ်စ် ကူးစက်ခံထားရပြီး၊လူပေါင်း၁.၂သန်းကျော်အထိ ၎င်းဗိုင်းရပ်စ်ကြောင့်သေဆုံးမှု့ ရှိခဲ့ပြီးလည်းဖြစ်ပါသည်။ ၂၀၂၁ခုနှစ်ထဲမှာတော့ တရုတ်ဟာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထုတ်လုပ်နိုင်မှု့ နှင့်အတူ ကာကွယ်ဆေးဖြင့် သံတမန်ဆက်ဆံရေးကို ပြန်ခင်းဖို့ရန်နှင့် ပုံရိပ်ပြန်တင်မှု့မျိုးတွေလုပ်နိုင်ပါသည်။အမေရိကန်၊အဂ်လန်နင့်အနောက်နိုင်ငံတွေ အများစုတို့က ကိုရိုနာ ဗိုင်းရပ်စ်ကာကွယ်ဆေးစမ်းသပ်ထုတ်လုပ်မှု့အရှိန်ကို မြှင့်၍ လုပ်ဆောင်နေကြပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံတွေအများစုတို့အတွက်တော့ တရုတ်ကာကွယ်ဆေးနှင့်သာနှစ်ပါးသွားကြရဖို့ ရှိနိုင်ပါသည်။ လက်ရှိကာလ၌ ကမ္ဘာပေါ်မှာ ကာကွယ်ဆေးအမျိုးအစား...
ဟိမဝန္တာအနောက်ဘက်၌ တရုတ် တပ်ဖွဲ့များနှင့်အကြား အခြေအနေတင်းမာသော နယ်စပ် လိပ်ခဲတည်းလည်း အခြေအနေတစ်ရပ်က ပိုမိုကြီးမားသော ပဋိပက္ခတစ်ခုကို အစပျိုးစေနိုင်ကြောင်း အိန္ဒိယ၏ ထိပ်တန်း စစ်ဘက်တပ်မှူးကြီးက နိုဝင်ဘာ ၆ ရက်တွင် ပြောကြားလိုက်သည်။ နှစ်ဘက်စလုံးမှ အကြီးတန်း စစ်ဘက်အရာရှိများသည် ရှေ့တန်း နေရာအနီး ၎င်းတို့၏ ရှစ်ကြိမ်မြောက် ဆွေးနွေးမှုများအတွက် တွေ့ဆုံခဲ့ကြစဉ် အိန္ဒိယ စစ်တပ်ဗိုလ်ချုပ်ကြီးက အထက်ပါအတိုင်း သတိပေးလိုက်ခြင်း ဖြစ် သည်။လများနှင့်ချီ ကြာမြင့်နေသော ထိပ်တိုက် ရင်ဆိုင်တွေ့မှုတစ်ခုအတွင်း ထောင်နှင့်ချီသော အိန္ဒိယနှင့် တရုတ် တပ်ဖွဲ့ဝင်များ ကျရောက်ပိတ်မိနေလျက်...
အသက် ၆၈ နှစ်အရွယ်ရှိလာပြီဖြစ်ကာ ကျန်းမာရေးအတွက် စိုးရိမ်ပူပန်မှုတွေကြောင့် ရုရှားသမ္မတ ဗလာဒီမီ ရာပူတင်က လာမယ့်နှစ်အစောပိုင်းအချိန်လောက်မှာ သမ္မတရာထူးကနေ အနားယူသွားဖို့ အစီအစဉ်ရှိနေ တယ်လို့ မော်စကိုသတင်းရင်းမြစ်တွေက ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်နေ့တုန်းက အခိုင်အမာ ရေးသားဖော်ပြ ခဲ့ကြပါတယ်။ ဗြိတိန်သတင်းစာ The sun ရဲ့ ရေးသားဖော်ပြချက်ထဲ အသက် ၆၈ နှစ်အရွယ်ရှိ သန်မြန်နေဆဲဖြစ်ဖြစ်တဲ့ ရုရှားခေါင်းဆောင်ဟာ ပါကင်ဆန်လို့ခေါ်တဲ့ ( ခြေလက်တုန်ယင်) တဲ့ လက္ခဏာနဲ့ လမ်းကောင်းကောင်းမလျှောက်နိုင်တော့တဲ့ ရောဂါ ရှိနိုင်ခြေရှိတယ်ဆိုတဲ့ ယူဆရဖွယ်ရှိတဲ့...
တပ်မတော်(လေ) အနေဖြင့် လက်ရှိအချိန်တွင် ရုရှားထုတ် R 27ER1 နှင့် RVV AE (R 77-1) AAM စနစ်များနှင့် တရုတ်ထုတ် SD 10A (PL 12) AAM စနစ်များကို တိုက်လေယာဉ်များ၌ တပ်ဆင်အသုံးပြုလျက်ရှိသည်။ အဆိုပါစနစ်များသည် တာလတ်အဆင့်တိုက်ခိုက်နိုင်သည့် စနစ်များလည်းဖြစ်သည်။ ဖော်ပြပါစနစ် ၃ မျိုးစလုံးသည် အမေရိကန်ထုတ် AIM 120 AMRAAM စနစ်နှင့် အရည်အသွေးတူညီသည့် အကောင်းဆုံးစနစ်များဖြစ်သည်ဟုဆင်ခြင်သုံးသပ်နိုင်သည်။R 27ER1 သည် ဆိုဗီယက်ခေတ်က အသုံးပြုခဲ့သည့် R...
ဒီမိုကရက်တစ်ပါတီက Joe Biden ကို ရွေးကောက်ပွဲမှာ အနိုင်ရသူအဖြစ် သတင်းမီဒီယာတွေက ရေးသားနေချိန်မှာပဲ အမေရိကန်နိုင်ငံရဲ့ အနီးကပ်မိတ်ဆွေ နိုင်ငံတချို့က စနေနေ့မှာပဲ Joe Biden ကို ကြိုဆိုဂုဏ်ပြုကြောင်း ပြောကြားလာကြပါတယ်။ ဒီအထဲက နိုင်ငံအများအပြားဟာ သမ္မတ Donald Trump အစိုးရအဖွဲ့နဲ့ ဆက်ဆံရေး သိပ်မပြေလည်သူတွေဖြစ်ပြီး ဒီအထဲမှာ G7 နဲ့ NATO စစ်မဟာမိတ် အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ဂျာမနီ၊ ကနေဒါနဲ့ ပြင်သစ်တို့က ပထမဆုံး Joe Biden ရဲ့ အောင်မြင်မှုကို အသိအမှတ်ပြု...
ဒီမိုကရက်တစ်သမ္မတလောင်း ဂျိုးဘိုင်ဒန်ဟာ သမ္မတဖြစ်ဖို့ တဖြည်းဖြည်း နီးစပ်လာချိန်မှာပဲ တစ်နိုင်ငံလုံး နောက်မှာ ရှိနေရင် ရွေးကောက်ပွဲကို မဲအများဆုံးနဲ့ ရှင်းရှင်းလင်းလင်း အနိုင်ရနိုင်မယ်လို့ ပြောကြားလိုက်ပါတယ်။ သောကြာနေ့ ညပိုင်း ဝီလ်မင်တန် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးဌာနကနေ ဘိုင်ဒန်က မိန့်ခွန်း ပြောကြားသွားတာပါ။ အနိုင်ရတဲ့အကြောင်း နောက်ဆုံး ကြေညာထားခြင်းမရှိပေမယ့် ကိန်းဂဏန်းတွေက ရှင်းရှင်းလင်းလင်း ပြောနိုင်တယ်လို့ ပြောပါတယ်။ဒီပြိုင်ပွဲကို ကျွန်တော်တို့ နိုင်မှာပါ။ ပြီးခဲ့တဲ့ ၂၄ နာရီက ဂျော်ဂျီယာမှာအနောက်မှာ ရှိနေပြီး၊ ခုတော့ ရှေ့မှာ ဦးဆောင်နေပါတယ်။ ပင်ဆီဗေးနီးယားမှာလည်း အနိုင်ရတော့မယ်။ အရီဇိုးနား၊...
အိမ်ဖြူတော် ဝန်ထမ်းအကြီးအကဲချုပ် မက် မီဒိုးစ်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီအကြောင်းကိုတော့ အိမ်ဖြူတော်အရာရှိနှစ်ဦးက CNN ကိုအတည်ပြုထားပြီး ဘလွန်းဘတ်သတင်းဌာနက ပထမဆုံးဖော်ပြသွားပါတယ်။ မီဒိုးစ်ဟာ သမ္မတထရမ့်နဲ့အတူ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့က အတူလိုက်ပါသွားခဲ့ပါတယ်။ အင်္ဂါနေ့က အိမ်ဖြူတော် ရွေးကောက်ပွဲ ညပါတီမှာလည်း ပါဝင်ခဲ့ပြီး သမ္မတမိသားစုဝင်တွေနဲ့ အနီးကပ် ရှိနေခဲ့တယ်လို့ သိရပါတယ်။လက်ရှိမှာတော့ မီဒိုးနဲ့ အတူရှိနေတဲ့ အိမ်ဖြူတော်အရာရှိတွေအတွက် စိုးရိမ်ဖွယ် ဖြစ်နေကြောင်း လက်ထောက်တစ်ဦးက ပြောပါတယ်။ အင်္ဂါနေ့ညက ရွေးကောက်ပွဲ ရလဒ်တွေကြည့်ရှုဖို့ ထရမ့်နဲ့ နီးစပ်သူ အသိုင်းအဝိုင်းက...
တရုတ်နိုင်ငံဟာ တစ်ခြားနိုင်ငံ ပြည်တွင်းရေးမှာ ဝင်စွက်ဖက်ရိုးထုံးစံမရှိသလို၊ ဝင်စွက်ဖက်ဖို့ စိတ်လည်းမဝင်စားဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ် ဝမ်ဘင်က နိုဝင်ဘာ ၆ ရက်မှာ ပြောပါတယ်။ ဩစတြေးလျမှာ တရုတ်လူမျိုးတစ်ဦးကို ပြည်ပစွက်ဖက်နှောင့်ယှက်မှုတားဆီးရေးပုဒ်မတွေနဲ့ အမှုဖွင့်တာအပေါ် မှတ်ချက်ပေး ပြောကြားတာဖြစ်ပါတယ်။အရေးယူခံရသူ ဒီ ဆန် တောင်ဟာ ဗစ်တိုးရီးယားပြည်နယ်အတွင်း တရုတ်လူမျိုးအဖွဲ့အစည်း အများအပြားရဲ့ ထိပ်ပိုင်းတာဝန်တွေ ရယူထားသူဖြစ်တယ်လို့ သိရပါတယ်။ ထိုသူဟာ ပြည်ပထောက်လှမ်းရေးအဖွဲ့အစည်းတွေနဲ့ အဆက်အသွယ်များစွာရှိသူလို့ ဩစတြေးလျ ရဲတပ်ဖွဲ့က ပြောပေမယ့် မည်သည့်ပြည်ပနိုင်ငံဖြစ်ကြောင်း ထည့်သွင်းဖော်ပြခြင်းမရှိ။
ဒေါ်နယ်ထရန့်သမတ ရာထူးက ဆင်းပြီးရင် ဘာဆက်လုပ်မလဲ အမေရိကန်မှာအတော်များများစိတ်ဝင်စားကြတယ်။အခုတော့ သူ ရှုံးကြောင်း သမတသစ်ကိုလက်ခံကြောင်း မိန့်ခွန်းရေးဖို့တောင် အစီအစဉ်မရှိဘူးတဲ့။ UEC ကို တရားစွဲဖို့ ရှေ့နေကြေး ဒေါ်လာသန်းတရာ ထုတ်ပေးဖို့ သူ့မိခင်ပါတီ ရီပါပလီကန်ပါတီ ကို တောင်းနေတယ်။ ပါတီက လူကြီးတွေကတော့ မဲရေတာကုန်တဲ့အထိ စောင့်ကြည့်စေချင်တယ်၊ တရားမစွဲ စေချင်ဘူး။ စွဲလည်း နိုငိစရာမရှိဘူး။ အမေရိကန် UEC ကလည်တယ် အခုချက်ချင်းရေပြီး အနိုင်ကြေညာလိုက်ရင် ဝုန်းဆို ထရန့်ဘက်က အမေရိကန်တွေပေါက်ကွဲသွားပြီး ထိမ်းမရသိမ်းမရဖြစ်မှာစိုးလို့ ဘိုင်ဒင်နိုင်နေကြောင်း ကို ဖြေးဖြေးလေးမျှင်းပြပြီး...
မြန်မာနိုင်ငံ အထွေထွေရွေးကောက်ပွဲဟာ အားလုံးပါဝင်တဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်စေမယ် မျှော်လင့်တယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောပါတယ်။ကုလအတွင်းရေးမှူးချုပ်ရဲ့ ပြောဆိုချက်ကို နိုဝင်ဘာ ၆ ရက် UN News ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ ရွေးကောက်ပွဲကို စနစ်တကျ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ယုံကြည်လက်ခံနိုင်အောင် ကျင်းပပေးဖို့ ကိုလည်း ဂူတာရက်စ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ထုတ်ပြန်တောင်းဆိုပါတယ်။ဒါ့အပြင် ဒီရွေးကောက်ပွဲကနေ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ နေရပ်ကို ဘေးကင်းကင်းနဲ့ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်စေဖို့ မျှော်လင့်တယ်လို့လည်း ဂူတာရက်စ်က ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံ နေရာအတော်များများမှာဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခအတွက် စိုးရိမ်မှုကို...