ဘရာဇီး တိုက်ခိုက်ရေး သမားကို အနိုင်ယူခဲ့တဲ့ ဒတ်ခ်ျလူမျိုးတိုက်ခိုက်ရေးသမား Reinier ဟာ မြန်မာ့အချစ်တော်မြန်မာစပါးအုံးကြီး အောင်လအန်ဆန်း ရဲ့ One မစ်ဒယ် ဝိတ် တန်း ချန်ပီယံခါးပက်ကိုလုယူဖို့အတွက် စိန်ခေါ်ခဲ့တာ ဘဲဖြစ်ပါတယ်နော်။ အ ခု လာ မယ့် သောကြာနေ့ကတော့ စိန်ခေါ်သူ Reinier နဲ့ မြန်မာ့စပါးအုံးကြီးတို့ စင်္ကါပူနိုင်ငံမှာထိုးသတ်ကြတော့မှာဘဲ ဖြစ်ပါတယ်နော် ။ Reinier က တော့ အောင်လ မင်းအဆင် သင့်ပဲ လား။ ကြိုက်တဲ့နေရာ ကြိုက်တဲ့အချိန်ရွေးလိုက်စမ်းပါ။ ပြောင်ပြောင် လက်လက် ခါးပက်ကိုတော့...
ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ပရီးမီးယားလိဂ်ရဲ့ ထာဝရ အကြီးကျယ်ဆုံး တောင်ပံကစားသမားအဖြစ် ဘောလုံးပရိသတ်တွေက မဲပေးရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။ပေါ်တူဂီစူပါစတားဟာ ၂၀၀၃ ကနေ ၂၀၀၉ ခုနှစ်အထိ မန်ချက်စတာယူနိုက်တက်မှာ ၆ နှစ်ကြာ ကစားခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ ဘလွန်းဒီအော်ဆုကို ရရှိခဲ့ပါတယ်။ရော်နယ်လ်ဒိုဟာ ၂၀၀၇-၀၈ ရာသီအတွင်း ပရီမီးယားလိဂ်မှာ ၃၄ ပွဲကစားခဲ့ရာမှာ ၃၁ ဂိုးသွင်းယူပြီး ၇ ကြိမ် ဂိုးဖန်တီးမှုပြုခဲ့ပါတယ်။ အခုအခါ အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်လ်ဒိုဟာ သူ့ရဲ့ယူနိုက်တက် ကစားသမားဘဝတစ်လလျှောက်လုံး ပွဲပေါင်း ၂၉၂...
ကွင်းလယ်ကစားသမား မက်တွီဒီဟာ ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်ခံထားရတဲ့ ဒုတိယမြောက် ဂျူဗင်တပ်စ်ကစားသမား ဖြစ်လာပါတယ်။ အစောပိုင်းက အသင်းနောက်ခံလူ ရူဂါနီဆီမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ရှာတွေ့ခဲ့တာကြောင့် အသင်းသားတွေအားလုံးကို ဆေးစစ်အပြီး တပတ်အကြာမှာ မက်တွီဒီလည်း ရောဂါကူးစက်ခံထားရကြောင်း ထပ်မံသိရှိရတာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းရဲ့ တရားဝင်ကြေညာချက်အရ မက်တွီဒီဟာ ဆိုးရွားတဲ့ အခြေအနေမှာ မရှိဘဲ နေပြန်ကောင်းလာနိုင်မယ့် အလားအလာရှိတယ်လို့ သိရပါတယ်။အသက် ၃၂ နှစ်အရွယ် မက်တွီဒီဟာ ဂျူဗင်တပ်စ်အသင်းရဲ့ အဓိကကစားသမားတဦး ဖြစ်ပြီးတော့ အသင်းရဲ့ ပွဲစဉ်အားလုံးမှာ ပါဝင်ကစားပေးထားသူလည်း ဖြစ်ပါတယ်။
ကမ္ဘာကျော်လက်ဝှေ့သမားမေဝဲသာဟာ ပရီးမီယားလိဂ်ကလပ်နယူးကာဆယ်အသင်းကို ဝယ်ယူ ဖို့စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ၂၀၁၇ ခုနှစ်သြဂုတ်လက UFC စတား မက်ဂရီဂေါ်ကို အနိုင်ရပြီး ချိန်နောက်ပိုင်းကတည်းက လက်ဝှေ့ထိုးသတ်မှုမရှိတော့တဲ့ မေဝဲသာ ဟာ မက်ဂရီဂေါ် နဲ့ ထပ်မံထိုးသတ်ဖို့ စိတ်ဝင်စားနေပါတယ်။ အမေရိကန်နိုင်ငံသားလက်ဝှေ့သမားမေဝဲသာဟာ ပွဲပေါင်း ၅၀ အနိုင်ရထားပြီး ရှံးပွဲမရှိသေး ပါဘူး၊ မေဝဲသာဟာ သူရဲ့လက်ဝှေ့သမားဘဝအတွင်း အမေရိကန်ဒေါ်လာ ၁ ဘီလီယံ စုဆောင်းရရှိထားပြီး နယူးကာဆယ်အသင်းမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။ နယူးကာဆယ်အသင်းပရိသတ်တွေကလည်း ၂၀၀၈ခုနှစ်နောက်ပိုင်းကတည်းက အသင်းပိုင်ရှင် သစ်အတွက် စိတ်ဝင်စားနေကြောင်း ၊...
နောက်ဆုံး ကစားခဲ့တဲ့ သုံးပွဲစလုံး ရှုံးနိမ့်ခဲ့တဲ့ လီဗာပူးအသင်း ဟာ အိမ်ကွင်းမှာ ဘုန်းမောက်နဲ့ ကစားရတဲ့ ပွဲစဉ်ကိုအနိုင်ရယူနိုင်ဖို့ အတွက် အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်ကစားခဲ့ ပါတယ်။ ဒဏ်ရာရနေတဲ့ ဂိုးသမား အဲလစ်ဆန်၊ ဟန်ဒါဆန်တို့ မပါဝင်တာလွဲပြီး မာနေး၊ ဆာလက်၊ ဖာမီနိုစ့်၊ ဖာဘင်ဟို၊ ဝိုင်နယ်ဒန်၊ မီလ်နာ၊ ဂိုမက်ဇ်၊ ဗန်ဒိုက်တို့ စတဲ့အဓိက ကစားသမားတွေ ပါဝင်ကစားခဲ့ပါတယ်။ ဘုန်းမောက် အသင်းကလည်းအသင်းရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ ကူလမ်ဝီလ်ဆန်၊ ဖရာဆာ၊ လာမာ၊ စတာနစ်လက်စ်၊ ဘိုင်လင်း...